東京の服飾・ファッション専門学校 | 目白ファッション&アートカレッジ (Mf&ac)

MENU

- မြန်မာ

နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့

Mejiro Fashion & Art Collage ကျောင်းသည် ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ယခုလက်ရှိ အချိန်တွင်နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး၊ အစဥ်အလာများကိုလည်းလေးစားလျက်သင်ရိုးညွှန်းတမ်း များကိုလဲ ခေတ်နှင့်အညီသင်ကြားပေးလျက်ရှိကာ၊ ဖက်ရှင်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းခြင်းပြုသူ လူအရင်းအမြစ် ၃၅၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့သော အသက်မွေးဝမ်းကျောင်းမှုပညာသင်ကျောင်း ဖြစ်ပါသည်။

တိုကျိုမြို့တော်ဝန်ထံမှ ခွင့်ပြုမိန့်ရထားသောအသက်မွေးဝမ်းကျောင်းမှုပညာသင်ကျောင်း

ဤကျောင်းသည် ကျောင်းပညာရေးရာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရထားသော အသက်မွေးဝမ်းကျောင်းမှု ပညာသင်ကျောင်း (အသက်မွေးဝမ်းကျောင်းအထူးပြုလေ့ကျင့်ရေးကျောင်း) ဖြစ်ပါသည်။ ဤကျောင်းတွင် ၂ နှစ်သင်တန်းမှ ဘွဲ့ရကျောင်းသူ/ကျောင်းသားများကို ပညာရေးနှင့်သိပ္ပံပညာဝန်ကြီးဌာနမှ အသိအမှတ်ပြုထား သော ဒီပလိုမာဘွဲ့နှင့် ၄နှစ်သင်တန်းပြီးဆုံးပါက “အဆင့်မြင့်ဒီပလိုမာ” ဘွဲ့များ ကိုပေးအပ်ချီးမြှင့်ပါသည်။

လူအနည်းငယ်ဖြင့်စေ့စပ်သေချာစွာသင်ကြားပေးခြင်း

စတင်တည်ထောင်ခဲ့ချိန်မှစ၍ စေ့စပ်သေချာသော သင်ကြားမူစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် အတန်းတစ်တန်း တွင်ကျောင်းသားဦးရေ ၂၀မှ ၄၀ ခန့်ဖြင့် အသေးစိတ်သင်ကြားပို့ချခြင်းစနစ်ကိုကျင့်သုံးလျက်ရှိပါသည်။ တာဝန်ခံဆရာစနစ်ထားရှိခြင်းဖြင့် ဆရာနှင့်ကျောင်းသူ/ကျောင်းသားများနီးကပ်ခြင်း၊ အစဥ်အမြဲကျောင်းသား တစ်ဦးချင်း၏ထူးခြားချက်၊ နားလည်မှုအဆင့်နှင့်အနာဂတ်အသက်မွေးဝမ်းကြောင်းဆန္ဒများအပေါ် အခြေခံ၍ လမ်းညွှန်မှုကိုအမြဲပေးပါသည်။ အတန်းစနစ်လည်းဖြစ်သဖြင့်၊ တူညီသောဆန္ဒရှိသည့် အတန်းဖော်များ ရှိသဖြင့် လည်း စိတ်အေးရပါသည်။

လုပ်ငန်းခွင်တွင်လက်ရှိလုပ်ကိုင်လျှက်ရှိသည့် ပရော်ဖက်ရှင်နယ်သင်တန်းပို့ချသူများ

တိုကျိုဖက်ရှင်ပြပွဲ (Tokyo collection) တွင်ပါဝင်လုပ်ကိုင်နေသောဒီဇိုင်းနာများနှင့်လူကြိုက်များသော ဖက်ရှင် အမှတ်တံဆိပ်များ၊ နာမည်ကြီးဥရောပဘရန်းတံဆိပ်များတွင်ပါဝင်လုပ်ကိုင်နေကြသော ဒီဇိုင်းနာများစသည့် သင်တန်းပို့ချသူများသည် ဖက်ရှင်နှင့်အဝတ်အစားလုပ်ငန်းခွင်တွင် ပါဝင်လုပ်ကိုင်လျက်ရှိသော ပရော်ဖက်ရှင် နယ်ဒီဇိုင်းနာများဖြစ်ပါသည်။ လူအနည်းငယ်ဖြင့်သင်ကြားပေးသည့်ပညာရေးပတ်ဝန်းကျင်တွင် ဖက်ရှင်ပညာ ရေးအား စိတ်အားထက်သန်သည့် သင်တန်းပို့ချသူများမှ ပြည့်ဝသောလမ်းညွှန်ခြင်းများကိုပြုလုပ်ပေးပါသည်။

ကျောင်းအချက်အလက်

(သင်ရိုးညွှန်းတမ်းဌာန)

ကျောင်းသုံးသပ်ချက်

さらに詳しい情報は
パンフレットorオープンキャンパスで!

あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。

パンフレットには
\学科の詳細情報が盛りだくさん!/

無料パンフレットで
学科の詳細を確認する!

先輩の"リアルな声"をたくさん聞ける!
\無料体験授業実施中!/

オープンキャンパスで
説明を直接聞く!