- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့
ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏နှုတ်ဆက်စကား
Mejiro Fashion & Art College သည် ရာစုနှစ်တစ်ဝက်ကျော်ကြာ ပြည်တွင်းပြည်ပရှိ ဖက်ရှင်လုပ်ငန်းသို့ အရည်အချင်းရှိသူများစွာကိုမွေးထုတ်ပေးခဲ့သည်။ နည်းပညာတိုးတက်မှု၊ အိုင်တီနှင့်ဂလိုဘယ်လိုက်ဇေးရှင်း တို့နှင့်အညီ ယခုအခါ ဖက်ရှင်လုပ်ငန်းသည်လည်း အရှိန်အဟုန်ဖြင့်ပြောင်းလဲလျှက်ရှိပြီး၊ စျေးနှုန်းချိုသာ၍ အချိန်တိုအတွင်း အရည်အသွေးမြင့်ထုတ်ကုန်များကို ပံ့ပိုးပေးရန်လိုအပ်လာပါသည်။ သို့သော် 'ဖက်ရှင်သည် သုံးစွဲသူများကို စိတ်လှုပ်ရှားသဘောကျမှုပေးစေသောအရာ' ဟုဆိုသည့် အနှစ်သာရမှာ မပြောင်းလဲပါ။ ဤကျောင်းတည်ထောင်ချိန်မှစ၍ ပြောင်းလဲခြင်းမရှိသော ပညာရေးမူဝါဒအပြင်၊ အစဉ်အလာ ကောင်းများကိုတန်ဖိုးထားလေးစားလျှက် ခေတ်၏လိုအပ်ချက်များနှင့်ကိုက်ညီသည့် တွေးခေါ်မှုနည်းလမ်းသစ် များကိုလက်ခံခဲ့ပြီး၊ သင်ရိုးညွှန်းတမ်းတွင်ထင်ဟပ်စေလျှက်ရှိပါသည်။ ကျွန်တော်ကိုယ်တိုင် New York တွင် ဖက်ရှင်ကိုသင်ကြားလေ့လာပြီး၊ ဒီဇိုင်နာတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ သော အတွေ့အကြုံအရ၊ အစဥ်အမြဲပြောင်းလဲနေသော ဖက်ရှင်ခေတ်ရေစီးကြောင်းအား ဆုပ်ကိုင်ထားပြီး ဖက် ရှင်သဘောခံစားမှုကို မြှင့်တင်ထားနိုင်ရန်မှာ၊ ရှေ့တန်းတွင်လှုပ်ရှားလုပ်ကိုင်နေသော ဒီဇိုင်နာများဆီမှတိုက်ရိုက် သင်ယူလေ့လာခြင်းသည်လည်း အရေးကြီးသည်ဟု စဥ်းစားမိပါသည်။ ကျွမ်းကျင်သူပရောဖက်ရှင်နယ်များ၏ လုပ်ကိုင်ဆောင်ရွက်မှုကို လက်တွေ့ခံစားထိသိခြင်းဖြင့်၊ ကိုယ်တိုင်စိတ်ကျေနပ်မှုရရှိရန်အတွက်သာမက၊ ရောင်း ကုန်ပစ္စည်းအဖြစ် ဂျပန်တွင်သာမက ကမ္ဘာအဆင့်မှီလက်ရာများကိုဖန်တီးစေချင်ပါသည်။ လူဝတ်ဆင်သည့် အဝတ်အစားများသည် လူများအားတူညီသောခံစားမှုပေးပြီး၊ စိတ်လှုပ်ရှားသဘောကျမှုဖြစ်စေသောအရာဖြစ် ရပါမည်။ ခက်ခဲသောအလုပ်များကိုဖြေရှင်းခြင်းဖြင့် နည်းပညာများကိုပိုမိုလက်ရာပြောင်စေပြီး၊ လူများအား စိတ်လှုပ် ရှားသဘောကျမှုပေးစေသော ဖက်ရှင်ကို အဆိုပြုတင်ပြနိုင်သည့် လုပ်ငန်းနယ်ပယ်မှသူ အဖြစ်တိုးတက်အောင် မြင်စေချင်ပါသည်။ ခေတ်ရေစီးချောင်းနှင့်လိုက်လျောညီထွေမည့် စိတ်ကူးစိတ်သန်းများ၊ ခေတ်ရေစီးချောင်း၏ ထိန်းချုပ်မှုမခံရသည့် အခြေခံများကို သင်ယူရရှိပြီး၊ စစ်မှန်သည့်အရည်အခြင်းများရရှိရန် မျှော်လင့်ပါသည်။
Gakkou Houjin Minelva Gakuen Mejiro Fashion & Art College ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ/ကျောင်းအုပ်ကြီး Akihiko Kojima
あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。
パンフレットには学科の詳細情報が盛りだくさん!
無料パンフレットで学科の詳細を確認する!
先輩の"リアルな声"をたくさん聞ける!
無料体験授業実施中!
オープンキャンパスで説明を直接聞く!
高度ファッション
ファッション
ファッションビジネス科
国際ファッションビジネス科
アパレル産業科
ビジネス専攻科