東京の服飾・ファッション専門学校 | 目白ファッション&アートカレッジ (Mf&ac)

MENU

- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့

ဖက်ရှင်စီးပွားရေးသင်တန်း

ဖက်ရှင်စီးပွားရေးသင်တန်း

အဆင့်မြင့်အကြောင်းအရာများကို ပထမတန်းဆရာများထံမှသင်ကြားမည် နေ့ခင်းတန်း သင်တန်းကာလ ၁ နှစ်
  • ၁ နှစ်သင်တန်း

01. ဖက်ရှင်လုပ်ငန်းအကြောင်း ပိုမိုလေ့လာရန် တစ်နှစ်ကာလ

ဖက်ရှင်လုပ်ငန်းနှင့်ပတ်သက်သော အခြေခံဗဟုသုတရှိပြီး နက်နက်နဲနဲနားလည်လိုသူများအတွက် ရည်ရွယ်ပါသည်။ ကျောင်းသားများသည် လုပ်ငန်းကိစ္စရပ်များတွင်ပြုလုပ်သကဲ့သို့ ပြည့်စုံသော ဆွေးနွေးမှုများနှင့် တင်ပြချက်များကိုထပ်ခါတလဲလဲ ပြုလုပ်ခြင်းဖြင့် ခေါင်းဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးစွမ်းရည်တို့ကို ဖွံ့ဖြိုးတိုးတက်စေပါသည်။

02. ဖက်ရှင်ပညာရပ်တွင် ပထမတန်းကျသော နည်းပြများ

ပြည်တွင်းနှင့်ပြည်ပတွင် ဖက်ရှင်လုပ်ငန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားနေသူများကို ဆရာများအဖြစ် ဖိတ်ခေါ်ပြီးသင်တန်းပို့ချစေပါမည်။ အချို့သောဆရာများမှာ ဖက်ရှင်ဂျာနယ်လစ်နှင့်ဖက်ရှင်ဓာတ်ပုံဆရာများ အဖြစ် လုပ်ကိုင်နေကြသူများလည်းရှီကြသဖြင့် တိုကျိုဖက်ရှင်ရှိုး (Tokyo Collection) သို့ လည်းအတူတကွ သွားရောက်လည်ပတ်ရန် အခွင့်အရေးရှိပါသည်။

03. ကျယ်ကျယ်ပြန့်ပြန့် သင်ယူခြင်းဖြင့် အစီအစဉ်ဆွဲခြင်းနှင့်ကိုယ်တိုင်စတင်မှုများကိုသင်ယူနိုင်ပါသည်။

ကျောင်းသားများသည် ဖက်ရှင်လုပ်ငန်းနယ်ပယ်တွင် လိုအပ်သော အသိပညာအားလုံးကို လက်တွေ့သင်တန်း များမှတစ်ဆင့် သင်ယူနိုင်ပါသည်။ ထုတ်ကုန်အစီအစဉ်ရေးဆွဲခြင်း၊ အရောင်းဗျူဟာ၊ လူထုဆက်ဆံရေးနှင့် အရောင်းမြှင့်တင်ရေးစသည့် စီးပွားရေးလုပ်ငန်းအခင်းအကျင်းကို နားလည်ရန်အတွက် ကုမ္ပဏီများသို့ သွား ရောက်လေ့လာခြင်း၊ ဆိုင်များကိုသွားရောက်ကြည့်ရှူ့ခြင်း၊ သင်ရိုးညွှန်းတန်းများကိုလည်း လက်တွေ့ကျကျ လေ့လာနိုင်ပါသည်။

ဖက်ရှင်စီးပွားရေးသင်တန်းတွင် သင်ယူနိုင်သောအရာများ

ဖက်ရှင်စုစည်းမှုကို သုံးသပ်ခြင်း ပင်မဒီဇိုင်နာ၏ သဘောထားကို ခွဲခြားလေ့လာသုံးသပ်ခြင်း

ကမ္ဘာတစ်ဝှမ်းမှ နာမည်ကြီး ဒီဇိုင်နာများ ဖက်ရှင်စုစည်းမှုမှ ပစ္စည်းများကို သင်ထောက်ကူပစ္စည်းများအဖြစ် အသုံးပြု၍ ကျောင်းသားများသည် လက်ရာများနှင့် ဖက်ရှင်ဆိုင်ရာ အတွေးအမြင်များကို နားလည်စေနိုင်ခြင်း နောက်ဆုံးထွက်ဖက်ရှင်စုစည်းမှုမှ ကွာခြားချက်ကို သိရှိရန်အတွက်၊ အမှန်တကယ် တိုကျိုဖက်ရှင်ရှိုးကို သွားပြီးကြည့်ရှု့လေ့လာပါမည်။

အဝတ်အထည်ရောင်းဝယ်ခြင်း ကုန်ပစ္စည်းထုတ်လုပ်ရန်စီစဥ်မှုမှ အရောင်းအထိ အဆင့်အားလုံးကို နားလည်နိုင်ခြင်း

ဘရန်းတံဆိပ်စျေးကွက်ရှာဖွေရေးသုတေသနမှ ထုတ်ကုန်စီမံကိန်းရေးဆွဲခြင်း၊ စျေးကွက်ဗျူဟာ တည်ဆောက်ခြင်းနှင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းအထိ အလုပ်အဆင့်အားလုံးကို နားလည်ပါမည်။ ခိုင်မာသောထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ကို သိရှိရန်အတွက် ကုမ္ပဏီများကို လက်တွေ့ သွားရောက် ကြည့်ရှု လေ့လာပါမည်။

လက်လီရောင်းချမှု ဝယ်ယူမှုနှင့် အရောင်းဗျူဟာများကို မည်ကဲ့သို့ မြှင့်တင်ရမည်ကို သိရှိနိုင်ပါသည်

ဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်မှုများ၊ ရေတွက်ခြင်းစီမံခန့်ခွဲမှု၊ အရောင်းအ၀ယ်ညှိနှိုင်းမှုများ၊ အရောင်း အစီအစဉ်ဆွဲခြင်း၊ အရောင်းကြမ်းခင်းစီမံခန့်ခွဲမှုနှင့် လက်လီစတိုးဆိုင်များတွင် ဖောက်သည်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာကို သွားရောက်လေ့လာခြင်းပါမည်။ လက်လီရောင်းချသူ (ဝယ်ယူခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ တာဝန်ခံ) နှင့် ၎င်းတို့အလုပ်၏ သီးခြားအကြောင်းအရာများကို သိရှိနားလည်ရန်လေ့လာပါမည်။

ဖက်ရှင်စျေးကွက်မိတ်ဆက် သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဆည်းပူးခြင်း

ဤသင်တန်းတွင် ကျောင်းသားများသည် စျေးကွက်ရှာဖွေရေးနှင့်ပတ်သက်၍ မည်သို့တွေးခေါ်ရမည်ကို လေ့လာသင်ယူကြပြီး စျေးကွက်သုတေသနနှင့် သတင်းအချက်အလက်ခွဲခြမ်း စိတ်ဖြာမှုလုပ်ဆောင်နိုင် စွမ်းတိုးတက်လာပြီး၊ အနာဂတ်တွင် ခေတ်ရေစီးကြောင်းများ၏ ဦးတည်ရာကို နားလည်ရန် ထိုးထွင်းသိမြင်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်ကို မွေးမြူပြီး ဖက်ရှင်လုပ်ငန်းအတွက် အာရုံခံစားနိုင်စွမ်းကို တိုးမြင့်စေလိမ့်မည်။

ဒီဇိုင်းဖွံ့ဖြိုးတိုးတက်မှု လူထုဆက်ဆံရေးနှင့် အရောင်းမြှင့်တင်ရေးတို့ကို လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်း

စာနယ်ဇင်းနှင့် ပြည်သူ့ဆက်ဆံရေးကဲ့သို့သော အရောင်းမြှင့်တင်ရေးတာဝန်ခံများအတွက် အရေးကြီးသည်မှာ ဘရန်းတံဆိပ်ကို ကြော်ငြာနည်းနှင့် လူသိရှင်ကြား ပြုလပ်ခြင်းပင်ဖြစ်ပါသည်။ ထုတ်ကုန်များနှင့် ဘရန်းအမှတ် တံဆိပ်များ၏ ပုံသဏ္ဍာန်ကို မည်ကဲ့သို့ မြှင့်တင်ရမည်ကို လေ့လာပြီး ကတ်တလောက်ထုတ်လုပ်မှုကိုလည်း ကြိုးစားပြုလုပ်ပါမည်။ ဖက်ရှင်စီးပွားရေးသင်တန်းအတွက် ရည်ရွယ်ထားသော အလုပ်အကိုင်များ ကုန်ရောင်းကျွမ်းကျင်သူ ၊ စတိုင်လစ် ၊ သတင်းဌာနများ၊ စာနယ်ဇင်း ၊ စီးပွားရေးအရောင်းထုတ်လုပ်မှု ၊ ဆိုင်မန်နေဂျာ

さらに詳しい情報は
パンフレットorオープンキャンパスで!

あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。

パンフレットには
\学科の詳細情報が盛りだくさん!/

無料パンフレットで
学科の詳細を確認する!

先輩の"リアルな声"をたくさん聞ける!
\無料体験授業実施中!/

オープンキャンパスで
説明を直接聞く!