- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့
အဝတ်အထည်စက်မှုသင်တန်း
အဝတ်အထည်စက်မှုသင်တန်း
- နေ့ခင်းတန်း သင်တန်းကာလ ၁ နှစ်
01. ပိုမိုအဆင့်မြင့်သော အရည်အချင်းများရရှိရန် တစ်နှစ်
ပုံမှန်သင်တန်းသည် ဖက်ရှင်ဖန်တီးမှုအတန်းမှဘွဲ့ရပြီး တစ်နှစ်အတွင်း အဆင့်မြင့်နည်းပညာများကို လေ့လာနိုင်သော အတန်းတစ်ခုဖြစ်သည်။ စက်မှုလုပ်ငန်းသုံး ပတ်တန်များနှင့်၃ဖက်မြင်ထောင်ထား သကဲ့သို့ဖြတ်ခြင်း၊ အထူးပစ္စည်းများကို ကိုင်တွယ်ပုံစသည့် အထူးပြုအသိပညာများ ဆည်းပူးလေ့လာ ရမည်ဖြစ်ပြီး မြင့်မားသောနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်သည့် လက်ရာများကိုဖန်တီးနိုင်မည့် သင်တန်းဖြစ်ပါသည်။ ကုမ္ပဏီများမှ လိုအပ်သော ပရော်ဖက်ရှင်နယ်အဆင့် အရည်အချင်းများကိုလေ့လာ သင်ကြားရပါမည်။
02. ပတ်တန်ပြုလုပ်ခြင်းနည်းပညာစမ်းသပ်မှု 2 ကို ဖြေဆိုအောင်မြင်နိုင်ရန်ရည်ရွယ်
အဝတ်အထည်များ၏ အရည်အသွေးမြင့်မားပါက အသေးစိတ်ကို ဂရုတစိုက်ဖြင့်ပုံစံများဖန်တီးရန်မှာ ပို၍အရေးကြီးပါသည်။ စက်မှုလုပ်ငန်းသုံးပတ်တန်ပြုလုပ်ခြင်းကို အာရုံစိုက်ပြီး အထည်ချုပ်ကုမ္ပဏီများတွင် အမှန်တကယ်ပြုလုပ်သည့်အဝတ်အထည်များပြုလုပ်နိုင်ရန် လေ့လာသင်ကြားပါမည်၊၊ ၄င်းနောက် ပတ်တန်ပြုလုပ်ခြင်းနည်းပညာစမ်းသပ်မှု 2 ကို ဖြေဆိုအောင်မြင်နိုင်ရန်ရည်ရွယ်ပါသည်။
03. ပထမတန်းစား ပြည်ပဆရာများထံမှ ပရော်ဖက်ရှင်နယ်အဆင့် နည်းပညာများကိုရယူနိုင်ခြင်း
၃ဖက်မြင်ထောင်ထားသကဲ့သို့ဖြတ်ခြင်းစသည့် နယ်ပယ်များတွင် ကျွမ်းကျင်မှုမြင့်မားသည့် ကမ္ဘာကျော် ဒီဇိုင်နာများအားဖိတ်ကြားပြီး၊ လက်ရာများ ဖန်တီးရာတွင်လည်း တစ်ဦးချင်းစီ သင်ကြားပို့ချပေးပါသည်။ ကျောင်းသားအနည်းစုသာထားသောအတန်းသည် အနုပညာဖန်တီးရာအခန်းနှင့်တူပါသည်။ လွတ်လပ်သည့် စိတ်ကူးစိတ်သန်းများဖြင့် ဖန်တီးမှုများကိုလုပ်ဆောင်ပြီး အဆင့်မြင့်နည်းပညာကို သေသေချာချာ ကျွမ်းကျင် စွာ သင်ယူနိုင်ပါမည်။
အဝတ်အထည်စက်မှုသင်တန်းတွင် သင်ယူနိုင်သော ကျွမ်းကျင်မှုများ
အဝတ်အစားဒီဇိုင်းသီအိုရီ
အဝတ်အစားပြုလုပ်ခြင်း၏အခြေခံမှအစ အသုံးချခြင်းအထိ လေ့လာသင်ယူနိုင်ခြင်း
ဒီဇိုင်းပုံဆွဲခြင်းနှင့် ပုံစံရေးဆွဲခြင်းကဲ့သို့သော အခြေခံများကိုလေ့လာပြီးနောက်၊ လှပသောပုံစံများနှင့် လုပ်ဆောင်နိုင်စွမ်းကိုလိုက်စားသည့် အဆင့်မြင့်အ၀တ်အထည်များကို ဖန်တီးနိုင်စေရန် ရည်ရွယ်ပါသည်။ အပြင်အဆင်များ၊ ပစ္စည်းများနှင့် ရုပ်ပုံများမှ ဖန်တီးမှုလက်ရာများကို ပြုလုပ်ပြီး စိတ်ကူးများလက်တွေ့ အကောင်အထည် ဖေါ်သည့် စွမ်းရည်ကို မြှင့်တင်ပါမည်။
၃ဖက်မြင်ထောင်ထားသကဲ့သို့ဖြတ်ခြင်း
လူပုံသဏ္ဍာန်ကို အသုံးပြုပြီး ၃ဖက်မြင်ထောင်ထားသကဲ့သို့ဖြတ်သည့် နည်းပညာကို ကျွမ်းကျင်စေမည်
လူပုံသဏ္ဍာန် (ခန္တာကိုယ်ပုံစံ) ကို အသုံးပြုပြီးတိကျသော ပတ်တန်ယူခြင်း၊ ခက်ခဲပြီးမြင့်မားသည့် နည်းပညာကို သင်ယူနိုင်ခြင်း၊ အသုံးပြုရန် ပိတ်စများနှင့် အသေးစိတ်အချက်အလက်များကို စဥ်းစားပြီး နည်းပညာကိုမြင့်တင် သွားပါမည်၊၊
အဝတ်အထည် CAD/CAM စနစ်လေ့ကျင့်မှု
ကွန်ပြူတာသုံးပြီး ပုံစံဖန်တီးမှုပြုလုပ်ခြင်း
CAD သည် ကွန်ပြူတာအကူအညီပေးဒီဇိုင်းဟုခေါပြီး၊ ပုံစံများကို ထိရောက်စွာဖန်တီးနိုင်သည့် နည်းပညာ ဖြစ်ပါသည်။ အဝတ်အထည်ကုမ္ပဏီများမှ အမှန်တကယ်အသုံးပြုသည့်နည်းပညာများကို နားလည်ပြီး ပုံစံများထည့်သွင်းခြင်းနှင့် တီထွင်ခြင်း၊ ပူးတွဲခြင်းနှင့် အမှတ်အသားပေးခြင်းစသည့် လက်တွေ့အသုံးချ မှုမှတစ်ဆင့် အထူးပြုအသိပညာများကိုလေ့လာသင်ယူနိုင်ပါသည်။
ကွန်ပျူတာစွမ်းရည်
ကုန်ကြမ်းပစ္စည်းကိုနားလည်ပြီး ဒီဇိုင်းကျွမ်းကျင်မှုကို မြှင့်တင်ပေးခြင်း
ဖက်ရှင်လုပ်ငန်းတွင် အသုံးပြုသည့် ဂရပ်ဖစ်ဆော့ဖ်ဝဲကို အသုံးပြုနည်းကို လေ့လာပြီး ဒီဇိုင်းစွမ်းရည်ကို မြှင့်တင်ပေးပါသည်။ များစွာသော ပစ္စည်းများ၏ ဝိသေသလက္ခဏာများကို နားလည်ပြီး အသွင်အပြင်နှင့် ဒီဇိုင်းကိုဖော်ပြရန် CG နည်းပညာများကိုလည်း လေ့လာသင်ယူနိုင်ပါသည်။ မူရင်းအရောင်ပုံစံများ ပြုလုပ် ရန်လည်း ဖြစ်နိုင်ပါသည်။
ကော်ပိုရိတ်ပုံစံသုတေသန
အဆင်သင့် ဝတ်ဆင်နိုင်သောအဝတ်အစားများထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စွာ နားလည်ခြင်း
အဝတ်အထည်စက်မှုလုပ်ငန်းရှိ အဆင်သင့်ဝင်ဆင်နိုင်သည့်အ၀တ်အထည်ထုတ်လုပ်သည့်နေရာများတွင် အသုံးပြုသည့် အရည်အသွေးနှင့် ကျိုးကြောင်းဆီလျော်မှုကို ထည့်သွင်းစဉ်းစားသည့်ပုံစံများအကြောင်း လေ့လာသင်ယူနိုင်ပါသည်။ ထို့အပြင် ကျောင်းသားများသည် အဆင်သင့်ဖြစ်အဝတ်အထည်များအတွက် အမှန်တကယ်ထုတ်လုပ်သည့်စနစ်နှင့်ပတ်သက်သည့် အသိပညာများ ရရှိနိုင်မည်ဖြစ်ပြီး၊ စက်မှုကုန်ထုတ်မှု လိုင်းပေါ်ရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ထုတ်လုပ်မှုနည်းလမ်းများကဲ့သို့သော အဆင်သင့်လုပ်ထုံးလုပ်နည်းများ ကိုလဲ လေ့လာနိုင်ပါသည်။
အဝတ်အထည်စက်မှုသင်တန်းမှ ရရှိနိုင်သောအရည်အချင်းစစ်လက်မှတ်များ
ပတ်တန်ပုံစံပြုလုပ်ခြင်းအရည်အချင်းစစ်စာမေးပွဲ အဆင့် 2 ဥရောပဝတ်စုံဖြတ်ခြင်းနည်းပညာအဆင့်မြင့်လက်မှတ် ပညာရေးသိပ္ပံဝန်ကြီးဌာနပံ့ပိုးပေးသော အရောင်စစ်လက်မှတ် ဖက်ရှင်စီးပွားရေးအရည်အချင်းစစ်လက်မှတ်
အဝတ်အထည်စက်မှုသင်တန်းပြီးဆုံးသူများ အဓိကထားလုပ်ကိုင်နိုင်သည့်အလုပ်အကိုင်များ
ဒီဇိုင်နာ၊ ပတ်တန်နာ၊အထည်ချုပ်လုပ်ငန်း၊ ဖက်ရှင်အကြံပေး၊ စတိုင်လစ်၊ စီးပွားရေး၊ စာနယ်ဇင်း၊ ပစ္စည်းဝယ်သူ၊ ဆိုင်တာဝန်ခံ
さらに詳しい情報は
パンフレットorオープンキャンパスで!
あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。
高度ファッション
ファッション
アパレル産業科
ファッションビジネス科
ファッション
ビジネス専攻科
ファッション
アクセサリー専攻科
ファッション
