東京の服飾・ファッション専門学校 | 目白ファッション&アートカレッジ (Mf&ac)

MENU

- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့

ဖက်ရှင်စီးပွားရေးလုပ်ငန်းသင်တန်း

ဖက်ရှင်စီးပွားရေးလုပ်ငန်းသင်တန်း

ဖက်ရှင်လုပ်ငန်းတွင်လှုပ်ရှားလုပ်ကိုင်နေေသာနည်းပြများမှသင်ကြားပေးခြင်း
  • နေ့လည်ဘက် သင်တန်းကာလ ၂ နှစ်

01. ဖက်ရှင်နှင့်ပတ်သတ်သောလုပ်ငန်းများနှင့်သက်ဆိုင်သည့် အတန်းများ

ဖက်ရှင်၏အခြေခံများကို သင်ယူခြင်းအပြင် စျေးကွက်ချဲ့ထွင်ခြင်းနှင့် ရောင်းဝယ်ခြင်းကဲ့သို့သော စီးပွားရေးဆိုင်ရာ ဗဟုသုတများကိုလည်း အတုယူလေ့လာနိုင်မည်ဖြစ်ပါသည်။ စီမံကိန်း၊ ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ စီမံခန့်ခွဲမှု၊ အရောင်းနှင့် ပြည်သူ့ဆက်ဆံရေးစသည့် စီးပွားရေးနယ်ပယ်အားလုံးကို အကျုံးဝင်သည်။ ထို့အပြင် ကျောင်းတက်နေစဉ်တွင် အွန်လိုင်းရှော့ပင်းတစ်ခု ထူထောင်ပြီး ရှေ့တန်းမှ စီးပွားရေးစီးဆင်းမှုကို နားလည်မည်ဖြစ်သည်။

02. လုပ်ငန်းနယ်ပယ်၏ “ယခုမျက်မောက်အခြေအနေ” အကြောင်းသိရှိနိုင်ရန် အထူးလေ့လာနိုင်သည့် သင်တန်ဖြစ်ခြင်း

လက်ရှိလုပ်ငန်းများတွင်လုပ်နေသောလုပ်ငန်းရှင်များကိုဖိတ်ခေါပြီးဟောပြောပွဲလုပ်ခြင်း။ ဥပမာအားဖြင့်၊ ပါရီ သို့မဟုတ် နယူးယောက်တွင် လုပ်ကိုင်နေကြသောဖက်ရှင်ဂျာနယ်လစ်များ၊ ဘရန်း အမှတ်တံဆိပ်အသစ် များကိုတည်ထောင်ထားသောဒီဇိုင်နာ၊ ထင်ရှားသောကုန်သယ်များမှ သင်တန်းဟောပြောပို့ချဆရာအဖြစ် လာရောက်ပါမည်။ ထို့အပြင် ပြင်ပလေ့လာရေးအနေဖြင့် အနုပညာပြခန်းနှင့်ပြတိုက်များသို့လည်း သွားရောက် လေ့လာပါမည်။

03.လိုက်နာရမည့်ကျင့်ဝတ်များကိုလေ့လာပြီးအလုပ်အကိုင်အတွက်အထောက်အပံ့ဖြစ်စေရန်ပန့်ပိုးမှုများပြည့်စုံခြင်း

ဖက်ရှင်လုပ်ငန်းနယ်ပယ်တွင် ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ်လုပ်ကိုင်နိုင်စေရန်အတွက်လုပ်ငန်းနှင့်ပတ်သတ် သောအသိပညာဗဟုသုတအပြင် လိုက်နာရမည့်ကျင့်ဝတ်များကိုသင်ပေးခြင်းသည်အရေးကြီးပါသည်။ ယင်းအကြောင်းအရာများနှင့်သင်ယူရမည့်ဘာသာရပ်လည်းပြည့်စုံစွာရှိပါသည်။ ထို့အပြင်ကုမ္ပဏီမှ HR တာဝန်ခံမှ ကျောင်းသို့လာရောက်ပြီးကျောင်းတက်နေစဉ်အတွင်း Internship (ကုမ္ပဏီများတွင် လက်တွေ့ဆင်းခြင်း) လုပ်ခြင်းဖြင့် အလုပ်ကိုပိုမိုနားလည်စေပြီး အလုပ်အကိုင်ရရန်ရည်ရွယ်ပါသည်။

ဖက်ရှင်စီးပွားရေးသင်တန်းတွင် သင်ယူနိုင်သော သင်ယူနိုင်သောကျွမ်းကျင်မှုများ

စတိုင်လက်တွေ့ပြုလုပ်ခြင်း
တကိုယ်လုံးစတိုင်ရိုက်ထားသည့်နေရာပုံစံတူလုပ်ခြင်း

အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူခြင်းမှစ၍ ဆံပင်မိတ်ကပ် တကိုယ်လုံးအထိအဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူခြင်းမှ ဆံပင်နှင့်မိတ်ကပ်အထိ စတိုင်ပြုလုပ်မှုကိုသင်ယူခြင်း။ ယင်းပုံစံများကိုလည်း ပုံစံတူလုပ်၍ပရာ်ဖက်ရှင်နယ်ဓာတ်ပုံဆရာများမှ ဓာတ်ပုံရိုက်ခြင်းကဲ့သို့သော စေ့စပ်လက်တွေ့လေ့ကျင့်မှုကို အရေးပေးသောအတန်းဖြစ် ဖြစ်ပါသည်။

ဖက်ရှင်ဈေးကွက်ရှာဖွေခြင်း
'ထုတ်လုပ်သည့်လုပ်ငန်း' အဖြစ် အလုပ်ကိုခြုံငုံ၍ နားလည်ခြင်း၊

ဈေးကွက်ရှာဖွေရေးသီအိုရီနှင့် ဈေးကွက်သုတေသနစသည့် နည်းလမ်းအမျိုးမျိုးကို လေ့လာပြီး ဖက်ရှင်လုပ်ငန်း ကို သိရှိနိုင်ခြင်း။ ဖက်ရှင်နှင့်ပက်သက်သည့် ဆိုင်များ 'စတိုးဆိုင်များ' သို့ သွားရောက်သွားကာ ဝယ်ယူသူများ အကြောင်း ခေတ်ရေစီးကြောင်းများကို လေ့လာ၍ဈေးကွက်သုတေသနလုပ်ခြင်း၏အကျိုးရှိပုံများကိုနားလည် စေခြင်း

အဝတ်အထည်ရောင်းခြင်း
စီစဉ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းခြင်း တိုကို့ လက်တွေကျကျ လေ့လာသင်ယူနိုင်ပါသည်။

ဤသင်တန်းသည် အထည်ချုပ်လုပ်ငန်းတွင် လက်တွေ့အလုပ်နှင့် တူညီအောင်ပြင်ဆင်၍ ထပ်ခါထပ်ခါလေ့ကျင့် ပြီး အရည်အချင်းများကို မြှင့်တင်သည့်ဘာသာရပ်ဖြစ်သည်။ သရုပ်ပြခြင်းနှင့် အခန်းကဏ္ဍမှ ပါဝင်သရုပ်ဆောင် ခြင်းဖြင့် ကျောင်းသားများသည် ထုတ်ကုန်အစီအစဉ်ဆွဲခြင်းမှခေတ်စားနေသည့်အရာများကိုသုတေသနပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် အရောင်းစီမံခန့်ခွဲမှုအထိ အားလုံးကို လေ့လာသင်ယူနိုင်ပါသည်။

အွန်လိုင်း အဝတ်အထည်စီပွားရေးလုပ်ငန်း
အွန်လိုင်းစီးပွားရေးလုပ်ငန်းစီစဉ်ခြင်း၊ ပြုလုပ်ခြင်း၊ လည်ပတ်ခြင်းတို့ကိုနားလည်ရန် လေ့လာခြင်း။

ဝက်ဆိုက်ပြလုပ်ခြင်းအားလုံးကို ယေဘူယျနားလည်ပြီး ယနေ့ခေတ်အသုံးများနေသော ဝဘ်ဆိုက်ပေါ်ရှိ ဖက်ရှင်လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင် လုပ်ကိုင်နိုင်ရန်အထိလေ့ကျင့်သင်ကြားပေးခြင်း၊ အကြောင်းအရာ များကို အစီအစဉ်ဆွဲခြင်း၊ စီစဉ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေခံများမှသင်ယူလေ့လာ နိုင်ပါ သည်။

ဖက်ရှင်ဆိုင်ဖွင့်ခြင်း
ဘရန်းအမှတ်တံဆိပ်များပြုလုပ်၍ စီးပွားရေးနည်းလမ်းများကို လေ့လာ သင်ယူနိုင်ခြင်း၊ လက်တွေ့သင်ကြား

ပေးခြင်း အဖြစ် ဖက်ရှင်ဘရန်းအမှတ်တံဆိပ်များကို တီထွင်ပါမည်။ ဆိုင်ဖွင့်ခြင်းအစီအစဉ်၊ ဆိုင်ပစ္စည်းထားပုံ ထားနည်းး၊ ဝဘ်ဆိုက်ထုတ်လုပ်ခြင်းနှင့် အရောင်းမြင့်တင်ရေးနည်းလမ်းများကဲ့သို့သော လက်တွေ့ကျသော နည်းလမ်းများကို စီးပွားရေးနယ်ပယ်တွင် လုပ်ဆောင်နေသော ဆရာများမှသင်ကြားပို့ချပေးခြင်းများ။

ဖက်ရှင်စီးပွားရေးသင်တန်းပြီးဆုံးလျှင် ရနိုင်သောလက်မှတ်များ

ဖက်ရှင်စီးပွားရေး ကျွမ်းကျင်စာမေးပွဲ ဖက်ရှင်အရောင်းစွမ်းရည်စမ်းသပ်မှုစာမေးပွဲ. ပညာရေးသိပ္ပံဝန်ကြီးဌာနပံ့ပိုးပေးသော အရောင်စစ်လက်မှတ် ပွဲတက်ဝတ်စုံကျွမ်းကျင်စာမေးပွဲ တွဲဖက်ဆရာဖြစ်စာမေးပွဲ. ဆရာဖြစ် အရည်အချင်းစစ်စာမေးပွဲ

ဖက်ရှင် စီးပွားရေးသင်တန်းပြီးဆုံးသူများ အဓိကထားလုပ်ကိုင်နိုင်သည့်အလုပ်အကိုင်များ

စတိုင်လစ် ၊ အဝယ်တော်၊ ဖက်ရှင်အကြံပေး၊ ဆိုင်ဝန်ထမ်း၊ ဆိုင်မန်နေဂျာ ၊ကုန်သယ်၊ စာနယ်ဇင်း ၊ အစီအစဉ်ဆွဲခြင်း ၊ မားကတ်တင်း ၊ ထုတ်လုပ်မှုစီမံခန့်ခွဲခြင်း၊ မဂ္ဂဇင်းတည်းဖြတ်ခြင်း

さらに詳しい情報は
パンフレットorオープンキャンパスで!

あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。

パンフレットには
\学科の詳細情報が盛りだくさん!/

無料パンフレットで
学科の詳細を確認する!

先輩の"リアルな声"をたくさん聞ける!
\無料体験授業実施中!/

オープンキャンパスで
説明を直接聞く!