東京の服飾・ファッション専門学校 | 目白ファッション&アートカレッジ (Mf&ac)

MENU

- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့

ဖက်ရှင်အကြံပေးသင်တန်း

ဖက်ရှင်အကြံပေးသင်တန်း

အနှစ်ချုပ်ထားသော သင်ရိုးညွှန်းတမ်းဖြင့် ထိရောက်စွာ သင်ယူနိုင်ခြင်း
  • နေ့ခင်းတန်း သင်တန်းကာလ ၁ နှစ်

၁။ ဈေးရောင်းခြင်း အသိပညာနှင့်ကျွမ်းကျင်မှုများကို တစ်နှစ်အတွင်းထိရောက်စွာ သင်ယူနိုင်ခြင်း

တနှစ်အတွင်းကောင်းမွန်ထိရောက်သော ဖက်ရှင် ပြီးလျင် လုပ်ငန်းခွင်ဝင်နိုင်ရန် ရည်မှန်းချက်တွင် အလုပ်အကိုင် လမ်းညွှန်မှု့များနှင့် internship ကဲ့သို့ပံ့ပိုးကူညီမှုများလည်းလုံလောက်စွာ ရှိပါသည်။ ပရော်ဖက်ရှင်နယ် အတိုင်းနားလည်သော ဧည့်သည်များအားကျေနပ်စေပြီး အရောင်းစွမ်းရည်ကို မြှင့်တင်ပေးပါသည်။

၂။ဆိုင်ဝန်ထမ်းများအတွက် လိုအပ်သော ဗဟုသုတများရရှိရန် ဘာသာရပ်အမျိုးမျိုး

အရောင်းတခုထဲသာမက အနာဂတ်တွင် အဝယ်တော် အဖြစ်လုပ်ဆောင်နိုင်ရန် ကုန်ပစ္စည်းများဆိုင်ရာဗဟုသုတများ ပစ္စည်းအဝယ် အရောင်း နည်းပညာများ ကုန်ပစ္စည်း အထားအသိုများကိုလေ့လာရပါမည်။ယင်းအပြင် ကွန်ပျုတာ၊ဆံပင် မိတ်ကပ်၊ဓါတ်ပုံပညာနှင့်ပတ်သတ်သော အတန်းများသင်ရိုးညွှန်းတမ်းများစွာရှိခြင်း လုပ်ငန်းအကြောင်းကိုကောင်းမွန်စွာသိသော ကျွမ်းကျင်သူများထံမှ သင်ယူသည့်အတွက် ထိရောက်စွာ သင်ယူနိုင်ပါတယ်။

၃။မိမိ မျက်စိဖြင့် ကြည့်၍ သိရှိခံစားနိုင်သော သင်ရိုးပြင်ပအတန်း လည်းများစွာရှိခြင်း

ယခုဘာသာရပ်သည် သင်ရို;ပြင်ပအတန်းများလည်းပြည့်စုံစွာရှိပါသည်။အသစ်ဖွင့်သောဆိုင်များနှင့်သတင်းတွင် နံမည်ကြီးသောလက်လီဆိုင်များသို့ကွင်းဆင်းလေ့လာသည့်ဆိုင်သုတေသနလုပ်ခြင်း၊မိမိကိုယ်တိုင်လှလှပပဝတ်ဆင်၍ အချိန် နေရာ ရည်ရွယ်ချက် ဖြင့်ကိုက်ညီသောပြင်ဆင်မှု့များကိုလက်တွေ့လုပ်ဆောင်သည့် ကျောင်းပြင်ပလေ့ကျင့်ခြင်းစသည် ပညာရေးတွင် နက်နဲစွာသိစေနိုင်သည့် အတန်းများစွာရှိပါသည်။ ယင်းအပြင် အရောင်းစွမ်းရည်စာမေးပွဲအတွက်လည်း ကြိုတင်ပြင်ဆင်မှု့များလည်း ပြုလုပ် ပေးပါသည်။

ဖက်ရှင်အကြံပေးသင်တန်းတွင်ယူနိုင်သော အရာများ

အပြန်အလှန်လေ့ကျင့်ခြင်း

အရောင်းနှင့်ဧည့်သည်ဆက်ဆံရေးနည်းပညာကိုသင်ယူခြင်း

ဆိုင်တွင်ပစ္စည်းရောင်းပြီး ရောင်းအားကိုမြှင့်တင်ရန်မှာဖက်ရှင်အကြံပေး၏အရေ းကြီးသောအလုပ်ဖြစ်သည်။ပစ္စည်းအကြောင်းရှင်းလင်းခြင်း ဖက်ရှင်အကြံပေးခြင်း အဝတ်အထည်ပြုပြင်ပေးခြင်း၊ ထုပ်ပိုးခြင်း၊ ငွေလက်ခံခြင်းစသည်တို့ကို ဆိုင်နှင့်တူညီသောအခြေအနေ ဖန်တီး၍ လေ့ကျင့်ပေးပါသည်။

အမြင်အာရုံဖြင့်စွဲဆောင်သောဈေးကွက်

အရောင်းဆိုင် ပစ္စည်းအထားအသိုနည်းလမ်းလေ့လျာခြင်း

လက်လီအရောင်းဆိုင်ရှိ အရောင်းတာဝန်အလုပ်သည် ပစ္စည်းများကို ဆွဲဆောင်မှုု့ကောင်းအောင်ထားသိုခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ အလင်းရောင်၊ နေရာလွတ်၊ကုန်ပစ္စည်းနေရာချထားခြင်း အရုပ်များနေရာချခြင်း စသည့် လာရောက်သည့်ဧည့်သည်မှ စိတ်လှုပ်ရှားစေမည့် 'အလေးပေးဖော်ပြမှု' လုပ်ပုံလုပ်နည်းကိုလေ့လာသင်ယူရပါမည်။

ပစ္စည်းနှင့်ဆိုင်သောအသိပညာ

အဝတ်အထည် ထုတ်ကုန်များကို ယေဘုယျအားဖြင့် နားလည်စေရန်

ပစ္စည်းများကို ကိုင်တွယ် ၍ ဘုံအသုံးပြုသောဘာသာစကားဖြစ်သည့်ဖက်ရှင်ဆိုင်ရာဝေါဟာရ နှင့် အသေးစိတ် ၊ ဆိုဒ် ၊ ပိတ်သား အရည်အသွေးကိုဖော်ပြခြင်း ပစ္စည်းထူးခြားချက် ကို နားလည်သဘောပေါက်ခြင်း ဖက်ရှင်လောကတွင် လုပ်ဆောင် နိုင်ရန်အတွက်မရှိမဖြစ်လိုအပ်သောအခြေခံဗဟုသုတများကို ဆည်းပူး နိုင်ပါသည်

ဖက်ရှင်ကျကျလိုက်ဖက်ညီထွေစွာဆင်ယင်ခြင်း

လိုက်ဖက်ညီထွေသည့်ဆင်ယင်ခြင်းနည်းပညာကိုတတ်မြောက်ခြင်း

ပထမဆုံးအနေဖြင့် လိုက်ဖက်ညီထွေသောပြင်ဆင်မှု နည်းပညာသည်အရေးကြီးသည်ကိုနားလည်သဘောပေါက်ခြင်း ညှိနှိုင်းခြင်းရဲ့ အရေးပါပုံကို နားလည် ခြင်း၊ယင်းနောက် အဝတ်အထည်နှင့်အရုပ်ကို အသုံးပြု၍ ပစ္စည်း၊ ရာသီ၊ အခြေအနေ ၊ အရောင်အဖွဲ့အစည်း ကို ဆုံးဖြတ်၍ လက်တွေ့လုပ်ဆောင်ပါသည်။ တကိုယ်လုံးရှိ လိုက်ဖက်ညီထွေသောအရောင်များညှိနှိုင်းမှုစွမ်းရည်ကို မြှင့်တင် ပေးနိုင်ပါသည်။

ဆံပင်မိတ်ကပ်

မော်ဒယ်များကို ပိုမို ပေါ်လွင်စေရန် နည်းပညာများကို လေ့ လာခြင်း

ဖက်ရှင်ကိုပိုမို ထင်ရှားပေါ်လွင်စေရန်အတွက် အရေးကြီးသော ဆံပင်ပုံနှင့် မိတ်ကပ်လိမ်းခြင်းအခြေခံများကို နားလည်ပြီးအသေးစိတ်လေ့ကျင့်၍ အခြေခံမိတ်ကပ်နှင့်အပြင်အဆင်ပေါ်မူတည်၍ ဆံပင်မိတ်ကပ်ပုံ ကွဲပြားမှုများကို လေ့လာ ပါမည်။

ဖက်ရှင်အကြံပေးသင်တန်းတွင်ရယူနိုင်သောလက်မှတ်များ

ဖက်ရှင်အရောင်းကျွမ်းကျင်စာမေးပွဲ ၊ ပညာသိပ္ပံပညာဝန်ကြီးဌာနမှ ပံ့ပိုးပေးသည့်အရောင်စမ်းသပ်သည့်စာမေးပွဲ ဖက်ရှင်စီးပွားရေး ကျွမ်းကျင်စာမေးပွဲ

ဖက်ရှင်အကြံပေးသင်တန်းမှ ရည်မှန်းထားသောအလုပ်အကိုင်များ

ဖက်ရှင် အကြံပေး၊ ဆိုင်ဝန်ထမ်း ၊ စတိုင်လစ်၊ မားကတ်တင်း ၊ ဆိုင်မန်နေဂျာ၊ အဝယ်တော်၊ ကုန်သည်၊ စာနယ်ဇင်း

さらに詳しい情報は
パンフレットorオープンキャンパスで!

あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。

パンフレットには
\学科の詳細情報が盛りだくさん!/

無料パンフレットで
学科の詳細を確認する!

先輩の"リアルな声"をたくさん聞ける!
\無料体験授業実施中!/

オープンキャンパスで
説明を直接聞く!