
- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့
ကျူရှင်နှင့်အခကြေးငွေ
2023 ခုနှစ် သင်တန်းကြေးအညွှန်း
သင်တန်း | ဝင်ခွင့်ကြေး | အဆောက်အအုံစားရိတ် | သင်တန်းကြေး | ပညာရေးမြှင့်တင်မှုစားရိတ် ပထမအကြိမ် | သင်တန်းကြေး |
---|---|---|---|---|---|
ဖက်ရှင်ဖန်တီးမှုသင်တန်း | 200,000 | 150,000 | 700,000 | 100,000 | 1,150,000 |
ဖက်ရှင်စီးပွားရေးသင်တန်း | |||||
ဖက်ရှင်အသုံးအဆောင်ပစ္စည်းသင်တန်း | |||||
ဖက်ရှင်အကြံပေးသင်တန်း | 200,000 | 150,000 | 660,000 | 100,000 | 1,110,000 |
ဖက်ရှင်အလှအပြင်သင်တန်း | 200,000 | 150,000 | 600,000 | 100,000 | 1,050,000 |
အဆင်မြင့်ဖက်ရှင်ဒီဇိုင်းသင်တန်း | 200,000 | 150,000 | 700,000 | 100,000 | 1,150,000 |
-လစဉ်ပေးချေမှုသည် ကျောင်းလခ (အဆောက်အအုံစားရိတ် သင်တန်းကြေး ပညာရေးမြှင့်တင်မှုစားရိတ်) နှင့်သာသက်ဆိုင်ပါသည်။ (ကျောင်းဝင်ကြေးနှင့် ကျောင်းသုံးစာအုပ်ကြေးများကို အရစ်ကျပေးဆောင်၍မရပါ။) ၂နှစ်သင်တန်းနှင့် ၄နှစ်သင်တန်းများတွင်တက်ရောက်နေသည့် ကျောင်းသားများသည်၊ ဒုတိယနှစ်တွင် ကျောင်း သားအားလုံးသည် နယူးယောက်သို့လေ့လာရေးခရီးထွက်ကြမည်။ ခရီးစရိတ်နှင့် တည်းခိုစရိတ်များသည် သင်တန်းကြေးတွင် ပါ၀င်သောကြောင့် ၎င်းတို့အတွက်ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။ (ပြည်ပခရီးသွားအာမခံကုန်ကျစရိတ်၊ ESTA လျှောက်လွှာကုန်ကျစရိတ်၊ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ကုန်ကျစရိတ်နှင့် ထိုဒေသတွင် လွတ်လတ်စွာသွားလာမှုများအတွက် ခရီးစားရိတ်နှင့်အစားအသောက်စရိတ်များ မပါဝင်ပါ။) -သင်တန်းတွင် ကိုယ်ပိုင် Note Computer များကို အသုံးပြုရပါမည်။ အတိုင်းအတာတစ်ခုအထိအသုံးပြု နိုင်သော Note Computer မရှိပါက ကိုယ်တိုင်ရှာဖွေပြင်ဆင်ထားပါ။ (ဖက်ရှင်အကြံပေးသင်တန်းနှင့် ဖက်ရှင်အလှသင်တန်းသည် Note Computer များ မလိုအပ်ပါ၊၊) အရစ်ကျငွေပေးသွင်းပါက၊ ဒုတိယအကြိမ်ပေးသွင်းငွေသည် ကျောင်းဝင်ပြီး ဇူလိုင်လဆန်းအတွင်းပေးသွင်းပါ။ (လစဉ်လည်း ပေးသွင်းနိုင်ပါသည်၊၊) တင်သွင်းထားသည့်စာရွက်စာတမ်းများနှင့်တကြိမ်ပေးသွင်းပြီးသောရွေးချယ်ခများသည် ကျောင်းစည်းကမ်း အတိုင်း ပြန်၍မရနိုင်ပါ။ ထို့အပြင် ၃ လပိုင်း ၃၁ ရက်မတိုင်မီ ကျောင်းတက်ရောက်မှု ပယ်ဖျက်ရန် လျှောက်ထားပါက၊ ပေးသွင်းထားသော ကျောင်းဝင်ကြေးမှအပ သင်တန်းကြေးများကို ပြန်ပေးပါမည်။ လာမည်ပညာသင်နှစ်များအတွက် ကျောင်းစားရိတ်သည် လူမှုရေးနှင့် စီးပွားရေးအခြေအနေများကြောင့် ပြောင်းလဲနိုင်ပါသည်။ -အခြား သင်ထောက်ကူပစ္စည်းများကုန်ကျစရိတ် (သင်ထောက်ကူပစ္စည်းများ၊ သင်ကြားရေးကိရိယာများ၊ လေ့ကျင့်ရေးစားရိတ်၊ လေ့လာရေးစရိတ်စသည်) ယန်း 170,000 မှ 200,000 ခန့် ကုန်ကျမည်ဖြစ်သည်။ သင်တန်းပြီးကြောင်းလက်မှတ်ကြေးများမှာသီးခြားပေးဆောင်ရမည်ဖြစ်ပါသည်။ ရွေးချယ်တက်ရောက်သင်တန်းများနှင့်ပတ်သတ်သည့် စာမေးပွဲကြေးနှင့်သက်ဆိုင်သည့် ပစ္စည်းများ အခကြေးငွေကို ရွေးချယ်တက်ရောက်သင်တန်းများတက်ရန်ဆုံးဖြတ်ပြီးနောက်ပေးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ကိုယ်တိုင်အသုံးပြုမည့် အထည်များ၊ မဂ္ဂဇင်းများ၊ မိတ်ကပ်လက်သည်းပစ္စည်းများ စသည်တို့ကို ကိုယ့်ကုန်ကျစားရိတ်ဖြင့်ဝယ်ယူရမည်ဖြစ်သည်။ အပ်ချုပ်စက်ဝယ်ယူလိုသူများသည် ကျောင်းဝင်ပြီးပါက ကျောင်းသားလျှော့ဈေးဖြင့် ဝယ်ယူနိုင်ပါသည်။
さらに詳しい情報は
パンフレットorオープンキャンパスで!
あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。