東京の服飾・ファッション専門学校 | 目白ファッション&アートカレッジ (Mf&ac)

MENU

- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့

ဖက်ရှင်ဖန်တီးမှုအတန်း

ဖက်ရှင်ဖန်တီးမှုအတန်း

ကျောင်းသာ အနည်းငယ်ဖြင့် အခြေခံမှစပြီး လက်တွေ့အသုံးချမှုအထိ သင်ယူနိုင်
  • နေ့လည်ဘက် သင်တန်းကာလ ၂ နှစ်

01. သီအိုရီနှင့် နည်းပညာနှစ်ခုလုံးမှ ဟန်ချက်ညီစွာသင်ယူခြင်း

ဒီဇိုင်းရေးဆွဲခြင်း၊ အပ်ချုပ်ခြင်းနည်းပညာနှင့် လက်တွေ့လေ့ကျင့်ခြင်းတို့ကို အဓိကထား၍ ဒီဇိုင်းဆွဲခြင်းအပြင် စျေးကွက်ရှာဖွေခြင်းကဲ့သို့သော စီးပွားရေးဆိုင်ရာ အသိပညာပေးသည့် ဘာသာရပ်များစွာရှိသောကြောင့် အသက်မွေးဝမ်းကြောင်းရွေးချယ်စရာလမ်းများစွာရှိခြင်းက ဤဘာသာရပ်၏ထူးခြားချက်ဖြစ်သည်။သင်တန်း ပို့ချသူများအားလုံးသည် လုပ်ငန်းအတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များဖြစ်သည်။ ထို့အပြင် ကျောင်းသားဦးရေအနည်းငယ်သာရှိသောကြောင့် ကျောင်းသားများသည် ၎င်းတို့၏ တစ်ဦးချင်းအလိုက် ကိုက်ညီသော အရှိန်အဟုန်ဖြင့် သင်ကြားနိုင်သည်။

02. အနာဂတ်တွင် အသုံးဝင်သော အရည်အချင်းများကို သေချာစွာ လေ့လာနိုင်ခြင်း

CAD နှင့် Mac ကဲ့သို့သော နောက်ဆုံးပေါ် ကရိယာများဖြင့် အပြည့်အ၀ ရှိသောကြောင့် ဒီဇိုင်းနှင့် ပုံစံနည်း ပညာကို ခေတ်နှင်အညီ လေ့လာသင်ကြားနိုင်ပြီးကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သည်။ ပတ်တန် ထုတ်လုပ်ခြင်း အရည်အချင်းစစ် စာမေးပွဲအဆင့် 2 နှင့် 3 နှစ်ခုစလုံးအတွက် လေ့ကျင့်သင်ကြားပေးခြင်း၊ အထူးပညာ ရေးသင်တန်းတွင် ကျွမ်းကျင်ပြီးဝါရင့်ဖက်ရှင်ဒီဇိုင်းနာများထံမှ အနာဂတ်တွင်အသုံးဝင်မည့် အကြောင်း အရာများကိုလဲ လမ်းညွှန်ပေးခြင်း၊ အကြံပေးခြင်းများစွာကိုလဲလေ့လာမှတ်သား ခံယူနိုင်မည့် အခွင့်အရေး များစွာရှိပါသည်။

03. ဖက်ရှင်ရှိုးများကဲ့သို့သောပွဲသဘင်များတွင် ပြုလုပ်ထားသည့်လက်ရာများကိုပြသရန် အခွင့်အလမ်းများစွာရှိ

ကျောင်းတွင်းရှိ ကျောင်းရှိူးပွဲများသာမက ပြင်ပပြိုင်ပွဲများတွင် ပါဝင်ခြင်းကဲ့သို့သော အခွင့်အလမ်းများရှိပြီး၊ ပြု လုပ်ထားသည့်လက်ရာများကို ပရိသတ်အများအပြားကြည့်ရှုနိုင်စေရန် အခွင့်အလမ်းများစွာရှိသည်။ အထူး သဖြင့် တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသည့်ဖက်ရှင်ရှိုးတွင် တင်ပြမည့် ဒီဇိုင်းများကို ပြုလုပ်တင်သွင်းလာသည့် ဒီဇိုင်းများထဲမှ ရွေးချယ်ကာ Spiral Hall တွင် ပြသမည်ဖြစ်သည်။ ဤပွဲ၌ ယခုအချိန်အထိ သင်ယူလေ့လာခဲ့ သည်များကို ပြသနိုင်ေပသည်။ * 2010 မှ 2019 အခြေအနေများ။ ကျင်းပမည့်နေရာသည် တစ်နှစ်နှင့်တစ်နှစ် ပြောင်းလဲနိုင်သည်။

ဖက်ရှင်ဖန်တီးမှု သင်တန်းတွင် ရရှိနိုင်သော အရည်အချင်းများ

အဝတ်အစားများချုပ်လုပ်ခြင်း
ပတ်တန်သီအိုရီ ပုံစံများကို ဖန်တီးခြင်း

ပတ်တန်များသည် အဝတ်အစားများပြုလုပ်ရန်အတွက် ပုံကြမ်းများနှင့်တူသည်။ စာရွက်ပေါ်တွင် မျဉ်းကြောင်းများဆွဲခြင်းနှင့် ကိုယ်ထည်တွင် ချည်ထိုးခြင်းနှင့် ဖြတ်တောက်ခြင်းများ ပါ၀င်သည့် အပြားပုံဆွဲခြင်း နှစ်ခုစလုံးကို လေ့လာခြင်းဖြင့် ကိုယ်ပိုင်မူရင်းပုံစံများကို ဖန်တီးနိုင်မည်ဖြစ်သည်။

အထည်ရောင်းဝယ်ရေး
အစီအစဥ်၊ ထုတ်လုပ်မှုနှင့် အရောင်းစီးဆင်းမှုတို့ကို လက်တွေ့ကျကျ လေ့လာသင်ယူနိုင်ခြင်း

ဤသင်တန်းသည် အထည်ချုပ်လုပ်ငန်းတွင် လက်တွေ့ကျကျ အလုပ်နှင့်ဆင်တူအောင်ပြုလုပ်ပြီး အရည်အချင်းများကို မြှင့်တင်ရန် ထပ်ခါတလဲလဲ လေ့ကျင့်ပေးမည်ဖြစ်သည်။ တင်ဆက်မှုများနှင့် အခန်းကဏ္ဍမှ ပါဝင်သရုပ်ဆောင်ခြင်းဖြင့် ကျောင်းသားများသည် ထုတ်ကုန်အစီအစဉ်ဆွဲခြင်းမှ ခေတ်ရေစီးကြောင်းကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ထုတ်လုပ်မှုနှင့် အရောင်းစီမံခန့်ခွဲမှုအထိ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်ပါသည်။

ဖက်ရှင်ဒီဇိုင်းဆွဲခြင်း
ပုံဆွဲခြင်းအနုပညာကို လေ့လာခြင်း

အချိုးအစား၊ အသေးစိတ်အချက်အလက်များ၊ ပစ္စည်းများနှင့် အရောင်အသွေးအစီအစဥ်များကို အမျိုးမျိုးသော အနုပညာပစ္စည်းများကို အသုံးပြု၍ အဆိုပြုချက်များတွင် ထည့်သွင်းစဉ် စားခြင်း ဒီဇိုင်းရေးဆွဲခြင်းအတွက် လက်တွေ့ကျသော လေ့ကျင့်မှုများ၊ ဒီဇိုင်းပြိုင်ပွဲများတွင်ပါဝင်လျှောက်ထားပြီး အမြင်ပိုင်းဆိုင်ရာ ထုတ်ဖော်မှုဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်မူ အဆင့်သို့ရောက်ရှိနိုင်ပါသည်။

အဝတ်အစား မော်ဒယ်အလေ့အကျင့်
အခြေခံ အပ်ချုပ်နည်းများကို လေ့လာနိုင်ပါသည်။

အခြေခံ အပ်ချုပ်ခြင်းနှင့် တစ်စိတ်တစ်ပိုင်း အပ်ချုပ်ခြင်းမှ စတင်၍ အပ်ချုပ်စက်နှင့် အသုံးပြုနည်းကို လေ့လာနိုင်ပါသည်။ စကတ်များ၊ အင်္ကျီများ၊ ဘောင်းဘီများ၊ ညှပ်ခြင်းနှင့် အပ်ချုပ်ခြင်း ၊ စကတ်များ၊ အကျီများနှင့် မူရင်းလက်ရာများ မှ အဆင့်ဆင့်မြင့်တက်လာသောနည်းပညာများပါလေ့လာနိုင်ပါသည်။

ကွန်ပျူတာစွမ်းရည်
ဖက်ရှင်လုပ်ငန်းမှာ အိုင်တီ နည်းပညာများ

Mac layout နှင့် Gaphic ကဲ့သို့သော ဒီဇိုင်းဆော့ဖ်ဝဲလ်အပြင် CAD လည်ပတ်ပုံ၊ အဆိုပြုချက်ရေးသားခြင်းနှင့် အထည်အလိပ် ဒီဇိုင်းအကြောင်းကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ ဖက်ရှင်နယ်ပယ်တွင် လက်ရှိလိုအပ် နေသော IT ကျွမ်းကျင်မှုကိုလည်း လေ့လာသင်ကြားနိုင်ပါသည်။

ဖက်ရှင်ဖန်တီးမှုဘာသာရပ်အလိုက် ဖြေဆိုနိုင်သော အရည်အချင်းစစ်စားမေးပွဲများ

ပတ်တန် ပုံစံထုတ်ခြင်းကျွမ်းကျင်မှုစမ်းသပ်ခြင်း အရည်အချင်းစစ်စာမေးပွဲ
ဖက်ရှင်စီးပွားရေးနှင့် ပက်သက်သော အရည်းအချင်း စစ်စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးနောက် အောက်ပါ
လုပ်ငန်းဆိုင်ရာများတွင် လုပ်ကိုင်နိုင်ပါသည်။
ပတ်တန်ပြုလုပ်ခြင်းအရည်းအချင်းစစ်စာမေးပွဲ
ဖက်ရှင်စီးပွားရေးအရည်အချင်စစ်စာမေးပွဲ
ပညာရေးသိပ္ပံဝန်ကြီးဌာနအသိအမှတ်ပြု အရောင်စစ်စာမေးပွဦ
ဝတ်စားဆင်ယင်မှုစွမ်းရည်စမ်းသပ်မူ စာမေးပွဲ
ဖက်ရှင်အရောင်းစွမ်းရည်စမ်းသပ်မှု စာမေးပွဲ

ဥရောပဝတ်စုံဖြတ်ခြင်းအရည်အခြင်းစစ်စာမေးပွဲ

တွဲဖက်ဆရာအောင်လက်မှတ် စာမေးပွဲ

さらに詳しい情報は
パンフレットorオープンキャンパスで!

あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。

パンフレットには
\学科の詳細情報が盛りだくさん!/

無料パンフレットで
学科の詳細を確認する!

先輩の"リアルな声"をたくさん聞ける!
\無料体験授業実施中!/

オープンキャンパスで
説明を直接聞く!