東京の服飾・ファッション専門学校 | 目白ファッション&アートカレッジ (Mf&ac)

MENU

- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့

ဖက်ရှင်အသုံးအဆောင်ပစ္စည်းသင်တန်း

ဖက်ရှင်အသုံးအဆောင်ပစ္စည်းသင်တန်း

အိတ်များနှင့်အသုံးအဆောင်ပစ္စည်း ဒီဇိုင်းနှင့်နည်းပညာများကို သင်ယူခြင်း
  • နေ့ခင်းတန်း သင်တန်းကာလ ၁ နှစ်

01. ဖက်ရှင်အသုံးအဆောင်ပစ္စည်းများနှင့်ဆိုင်သည့်အသိပညာနှင့်နည်းပညာကိုသင်ယူခြင်း

အိတ်၊ ဖိနပ်၊ ဦးထုပ်၊ လက်စွပ်၊ လည်ဆွဲ စသည့် အရေးကြီးသောပစ္စည်းများကို ထုတ်လုပ်ပါမည်။ပုံဆွဲခြင်း ၊ ပုံစံပြုလုပ်ခြင်း (ပုံစံစက္ကူ) ၊ပိတ်သားရွေးချယ်ခြင်းစသည့် လက်တွေ့လုပ်ဆောင်မှုများမှတဆင့် ချုပ်လုပ် ခြင်းနှင့် သတ္တုပစ္စည်းများကို ပုံဖော်သည့်နည်းပညာများကိုလေ့လာခြင်း။ သို့သော် ၄င်းပစ္စည်းကိုဖန်းတီးယုံသာ မဟုတ်ဘဲ တဖက်သားကို ရှင်းပြရန်လုပ်ဆောင်မှုအဆင့်ဆင့်ကိုပြုလုပ်ပြီး၊ ရှင်းလင်းတင်ပြခြင်းအထိ လုပ်ငန်းဆောင်တာအားလုံးကိုနားလည်သဘောပေါက်စေပါသည်။

02. ထုတ်လုပ်မှု၊ အရောင်း၊ ဖြန့်ဖြူးမှု၊ ကုန်သွယ်မှုသည်ဖြင့် ကျယ်ပြန့်စွာလေ့လာသင်ယူခြင်း

ဘွဲ့ရပြီးပြီးချင်း လုပ်ငန်းနယ်ပယ်တွင်လုပ်ဆောင်နိုင်ရန်အတွက် ထုတ်လုပ်မှုသာမက လုပ်ငန်း နှင့်ပတ်သတ်သည့် နောက်ပိုင်းမှ ပံ့ပိုးမှုများကိုနားလည်စေပါမည်။ ပစ္စည်းသည်ဧည့်သည်လက်ထဲရောက်သည်အထိ လုပ်ငန်းစဉ်အ မျိုးမျိုးရှိပါသည်။ အထူးသဖြင့်ဆိုင်တွင်ရောင်းခြင်း ဖြန့်ဖြူးခြင်း ပစ္စည်းနှင့်ကုန်ကြမ်းများ တင်သွင်း တင်ပို့ခြင်း နှင့်ပတ်သတ်သော ဗဟုသုတများစွာရရှိရန် အရေးကြီးပါသည်။ ယင်းအတွက် ကျွမ်းကျင်မှုများကိုကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါသည်။

03. မိမိထုတ်လုပ်သည့် လက်ရာများကို ဖော်ပြ၍ အကဲဖြတ်ခံရန်အခွင့်အရေးရရှိခြင်း

ဖက်ရှက်ပြပွဲတွင်မိမိ လက်ရာများကို တင်ဆက်ပြသပြီး ပြပွဲတွင် တဦးချင်းဆီ၏ ဘရန်း ပစ္စည်းများကို အစီအစဉ်ဆွဲကာ ထုတ်လုပ်ပြီး အများပြည်သူများကို ခင်းကျင်းပြသကာ ရောင်းချမည်ဖြစ်သည်။ ယင်းအပြင် ပြင်ပပြိုင်ပွဲများ၊ ပြပွဲများ၊ ဖက်ရှင်ပြပွဲ များတွင်လည်း စိတ်ပါဝင်စားစွာပါဝင်ခြင်း။ သားရေသားကိုအသုံးပြုထားသော အိတ်၊ ဖိနပ်၊ ဦးထုပ် စသည်များကိုလည်းပြုလုပ်ပါမည်။ အခြား သားရေထုတ်လုပ်သူများနှင့် အိတ်ကုမ္ပဏီများသို့ သွားရောက်လည်ပတ် ခြင်း အပြင် ဒုတိယနှစ်တွင် နယူးယောက်မြို့သို့ ပြည်ပလေ့လာရေးခရီးစဉ်တွင် ပါဝင်မည်ဖြစ်သည်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်း ဘာသာရပ်တွင် သင်ယူနိုင်သော အရာများ

စီးပွားရေးစီမံခန့်ခွဲ့မှု

ဖက်ရှင် အသုံးအဆောင်ပစ္စည်းများ အကြောင်းအားလုံးကို နားလည် သဘောပေါက်ခြင်း

ဖက်ရှင်အသုံးအဆောင်ပစ္စည်း ဖွဲ့စည်းမှုနှင့် အခြေခံဗဟုသုတ၊ ထုတ်ကုန်အစီအစဉ်ဆွဲမှု၊ ဖြန့်ဖြူးမှု၊ သမိုင်း၊ ခေတ်ရေစီးကြောင်းစသည်တို့အကြောင်း လေ့လာ နိုင်ခြင်း၊ ရည်ရွယ်ချက်မှာ ဖက်ရှင်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်း၏ အလုံးစုံပုံရိပ်ကို သိရှိနိုင်ခြင်း

လက်ကိုင်အိတ်ဒီဇိုင်းများလက်တွေ့ပြုလုပ်ခြင်း

ကိုယ်ပိုင်တံဆိပ်ဖြင့်အိတ်ကိုထုတ်လုပ်ခြင်း

ဤသင်တန်းတွင် စီမံကိန်းရေးဆွဲခြင်းနှင့် ဒီဇိုင်း၊ စက္ကူပုံစံဖန်တီးခြင်း၊ပိတ်သားရွေးချယ်ခြင်းနှင့် လက်တွေ့ထုတ်လုပ်ခြင်း လက်တွေ့လုပ်ဆောင်ခြင်းများမှတစ်ဆင့် အိတ်များနှင့်ပတ်သက်သော အခြေခံဗဟုသုတများကို သင်ယူနိုင်ပါသည်။ နယ်ပယ်တွင် အတွေ့အကြုံရရှိသော အိတ်ထုတ်လုပ်သည့် နေရာမှ ဆရာများမှ နည်းပညာများကိုသင်ယူရပါမည်။

ဖိနပ်ဒီဇိုင်း များပြုလုပ်ခြင်း

အောရီဂျင်နယ်ဖိနပ်ကိုလက်တွေ့လုပ်ဆောင်ခြင်း

ဖိနပ်နှင့်ပတ်သတ်သောအခြေခံဗဟုသုတအဖြစ် ထုတ်လုပ်ခြင်း ထုပ်လုပ်သည့်နည်းလမ်း ပိတ်သား၏ ထူးခြားချက်များကိုလေ့လာရပါမည်။ ယင်းနောက်အသီးသီး သောအော်ရီဂျင်နယ်ထုတ်လုပ်ခြင်းတွင် ကိရိယာပစ္စည်းများကို အသုံးပြုပုံကိုသင်ယူခြင်း ၊ နည်းပညာဖြင့် လက်မှုပညာအစိတ်အပိုင်း များစွာထည့် သွင်းထားသည့် လက်လုပ်ပစ္စည်းထုတ်လုပ်မည်။

ဦးထုပ်၊ ပစ္စည်းအသေးများ လက်မှုပညာ ဒီဇိုင်းထုတ်လုပ်ရေး လေ့ကျင့်မှု

ချုပ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းနည်းပညာများကို လေ့ လာခြင်း

အိတ်၊ ဖန်စီပစ္စည်း၊ ခါးပတ်၊နက်ကတိုင်၊ အိတ် စသည့် ပစ္စည်းအသေးများ ဖက်ရှင်ပစ္စည်းများနှင့် အိမ်သုံး ပစ္စည်းများအထိ ပစ္စည်းအမျိုးမျိုးပြုလုပ်ခြင်းဖြင့် လိုအပ်သောချုပ်လုပ်နည်းပညာများ၊ သားရေနှင့်အဖိုးတန် သတ္တုများဖြင့်ပြုလုပ်ပုံပြုလုပ်နည်းကိုတတ်မြောက်စေနိုင်သောသင်တန်း။

ဖက်ရှင်ဒီဇိုင်းရေးဆွဲခြင်း

အခြေခံပုံဆွဲကျွမ်းကျင်မှု ရရှိရန်လေ့ကျင့်ခြင်း

အရာဝတ္တုများကို ရှုမြင်နိုင်စွမ်းနှင့် ၄င်းမှ ဒီဇိုင်းများ ပုံဖော်နိုင်စွမ်းကို မြှင့်တင်ပေးခြင်းနှင့်တပြိုင်နက် ထူးခြား ဆန်းသစ်သောပုံကို ပြုလုပ်နိုင်ရန် ဒီဇိုင်း လက်ရာကို မြှင့်တင်ခြင်း ။ အနုပညာပစ္စည်းများကိုအသုံးပြု၍ ပုံဆွဲခြင်းဖြင့် အရောင်များနှင့်င့်ပိတ်သားများ၏ ဖော်ပြပုံဖော်ပြနည်းများကိုလေ့လာပါမည်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းသင်တန်းမှရယူနိုင်သောလက်မှတ်များ

ဖက်ရှင် အရောင်းကျွမ်းကျင်စာမေးပွဲ ၊ ပညာရေးနှင့်သိပ္ပံပညာဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးသည့်အရောင်စမ်းသပ်သည့်စာမေးပွဲ ၊ ဖက်ရှင်စီးပွားရေး ကျွမ်းကျင်စာမေးပွဲ ပွဲတက်ဝတ်စုံကျွမ်းကျင်စားမေးပွဲ တွဲဖက်ဆရာဖြစ်စာမေးပွဲ ဆရာဖြစ် အရည်အချင်းစစ်စာမေးပွဲ

ဖက်ရှင်အသုံးအဆောင်သင်တန်းသင်တန်းပြီးဆုံးသူများ အဓိကထားလုပ်ကိုင်နိုင်သည့်အလုပ်အကိုင်များ

အိတ်ဒီဇိုင်နာ၊ အသုံးအဆောင်ဒီဇိုင်နာ ၊ ဦးထုပ်ဒီဇိုင်နာ ၊ ဖိနပ်ဒီဇိုင်နာ၊ အစီအစဥ်ဖန်တီးသူ ဆိုင်ဝန်ထမ်း ၊ အဝယ်တော်၊ ဆိုင်မန်နေဂျာ၊ ဆိုင်ပိုင်ရှင် ၊ စာနယ်ဇင်း

さらに詳しい情報は
パンフレットorオープンキャンパスで!

あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。

パンフレットには
\学科の詳細情報が盛りだくさん!/

無料パンフレットで
学科の詳細を確認する!

先輩の"リアルな声"をたくさん聞ける!
\無料体験授業実施中!/

オープンキャンパスで
説明を直接聞く!