
- နိုင်ငံတကာပညာတော်သင်ကျောင်းသူ/ကျောင်းသားများ သို့
Mejiro Fashion & Art College ၏ ပထမဦးဆုံးစာပေးစာယူသင်တန်း။ (စာပေးစာယူစနစ်/ရွေချယ်သင်ယူခြင်း အတန်းလဲရှိပါသည်။)


Mejiro Fashion & Art College ၏ ပထမဦးဆုံးစာပေးစာယူသင်တန်း။ (စာပေးစာယူစနစ်/ရွေချယ်သင်ယူခြင်း အတန်းလဲရှိပါသည်။)
ဖက်ရှင်လုပ်ငန်း၏ အခြေခံမှစပြီး အထည်လုပ်ငန်းတွင် လုပ်ငန်းအားလုံးအတွက် အသုံးဝင်သော ဘာသာရပ်များအထိ ကာလတို အထူးသီးသန့် (၁ နှစ်) အွန်လိုင်း သင်ကြားရေးသင်တန်း စတင်ဖွင့်လှစ်ပါမည်။
တိုကျို၊ Mejiro ရှိ ပင်မကျောင်းတွင် ကျောင်တက်ရသည့် ရွေးချယ်သင်ယူသည် အတန်း (တစ်လခန့်) ရှိပါသည်။ သင်တန်းသည် ဆရာများထံမှ တိုက်ရိုက် သင်ကြားပို့ချမှုကိုရရှိနိုင်သော ပြည့်စုံသောသင်တန်းဖြစ်ပါသည်။ အွန်လိုင်းဖြစ်သောကြောင့် ဝေးလံသောဒေသတွင်နေသောသူ သို့မဟုတ် နိုင်ငံရပ်ခြားတွင် နေထိုင်သူများသည် အိမ်တွင်နေထိုင်ရင်း သင်တန်းတက်နိုင်သည်။
သင်ရိုးညွှန်းတမ်း စာပေးစာယူ တက်ရောက်နိုင်သော ဘာသာရပ်များ
အွန်လိုင်း
- ဖက်ရှင်ဒီဇိုင်းဆွဲခြင်း
- ကွန်ပျူတာစွမ်းရည်
- အဝတ်အထည်ရောင်းဝယ်ရေး
- အသက်မွေးဝမ်းကြောင်းဒီဇိုင်းပညာရပ်
- အဝတ်အထည် ပိတ်သားများ အကြောင်း
- ထုတ်ကုန်အသိပညာ
- အဝတ်အစားသမိုင်း
- အရောင် ဆက်စပ်ခြင်းပညာ
ကျောင်းတွင်ရွေးချယ်သင်ယူခြင်း
- သရုပ်ဆောင်မှု
- ဖက်ရှင် ကိုလိုက်ဖက်အောင် တွဲစပ်ခြင်း
- ကုန်ပစ္စည်း များခင်းကျင်း ပြသခြင်း
- အဝတ်အစားမော်ဒယ်
ကျောင်းတွင်ရွေးချယ်တက်ယူသည့်အချိန်အတွက်ဗီဇာ
တလခန့်ကျောင်းချယ်တက်သည့်အတန်းဖြစ်သောကြောင့်ကျောင်းသားဗီဇာ မလိုအပ်ပါ။
အတန်းတက်ရောက်မှုအပြင်အဆင်နှင့် ပတ်သတ်၍
ပင်မ ကျောင်းသင်တန်းများကို တိုက်ရိုက်လွှင့်တင်ထားပါသည်။ ကျောင်း သင်သည့်အချိန် တွင် အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်လွှင့်သည့် အွန်လိုင်းသင်တန်းတစ်ခု ဖြစ်ပါမည်။
သင်တန်းပုံစံအဆင့်ဆင့်
အွန်လိုင်း → ကျောင်းတစ်နှစ်ပြီးနောက် ပြီးဆုံးကြောင်း ဘွဲ့လက်မှတ် → ဝင်ကြေးနှင့်တက်သည့်အတန်းဖြစ်သောကြောင့် သင်တန်းကြေးအထူးလက်ဆောင်ရှိခြင်း → Mejiro ပင်မကျောင်းတွင် ကျောင်းတက်သင်သည့်သင်တန်းကိုလုပ်ပ်မည်။ → Fashion Business Course သို့ ပြောင်းရွှေ့ခြင်း ပညာသင်ယူနိုင်ခြင်း
Mejiro Fashion & Art College ကျောင်းသားအဆောင်
သက်သာသော ရေမီးခအပါ အဆောင်လခကိုသတ်မှတ်ထားခြင်း။ အဆောင်လခတွင် ရေမီးခအပါ (လျှပ်စစ်နှင့်ရေ) သတ်မှတ်ထားသောကြောင့် JR Yamanote ဖြစ်သော်လည်း သက်သာသောလခညဖြင့် အဆင်ပြေစွာနေထိုင်နိုင်ပါသည်။ * ဆန္ဒ အလိုက် လူ ၁ ဦးမှ ၃ ဦးနေနိုင်သောအခန်းအမျိုးအစားကို ရွေးချယ်နိုင်သည်။ ※ကျောင်းတက်သင်သည့်အချိန် အဆောင်မှာ သင်တန်းကြေးတွင် ထည့်သွင်းပါသည်။ Wi-Fi ဖြင့် တပ်ဆင်ထားပြီး နေ့စဉ် လိုအပ်ချက်များ ပြည့်စုံပါသည်။ ကျောင်းသားအဆောင်တွင် အခမဲ့ Wi-Fi ရနိုင်သည်။ အခန်းများတွင် အိပ်ယာနှင့် လေအေးပေးစက်ကဲ့သို့သော နေ့စဉ်လိုအပ်သောပစ္စည်းများကိုလည်း တပ်ဆင်ထားသောကြောင့် သက်တောင့်သက်သာရှိသော အချိန်ကို ကုန်ဆုံးနိုင်သည်။ အဆောင်နှင့် အနီးဆုံးဘူတာမှာ Shin-Okubo ဘူတာဖြစ်သည်။ အဆောင်၏တည်နေရာသည် ဘူတာရုံမှ ၅ မိနစ်ခန့် လမ်းလျှောက်နိုင်သည်။ ကျောင်း၏အနီးဆုံးဘူတာဖြစ်သော Mejiro ဘူတာသို့ ဘူတာ ၂ ဘူတာ ၄ မိနစ်အကွာတွင်ရှိသော ကြောင့် သွားလာရလွယ်ကူသောပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ *အဆောင်ဝင်ခြင်သည့်ဆန္ဒရှိသူများသည် ကျောင်းတက်ချိန်နှင့်ဘာသာရပ်အပြောင်းအရွှေ့ကာလတွင် ကျောင်းသားအဆောင်ကိုအသုံးပြုနိုင်သည်။
◆အချက် ၁◆ သင့်တွင် ပြဿနာတစ်စုံတစ်ရာရှိပါက အဆောင်မှုးနှင့် ချက်ချင်းတိုင်ပင်နိုင်ပါသည်။ ◆အချက် ၂◆ အဆောင် ဖွင့်ထားသည်မှာ မကြာသေးသောကြောင့် အတွင်းခန်းမှာလည်း အလွန်လှပပါသည်။
သင်တန်းကြေး
ဝင်ကြေး- ယန်း ၁၀၀၀၀၀ သင်တန်းကြေး- ယန်း ၅၅၅,၀၀၀ (ကျောင်းတက်နေစဉ်အတွင်း ကျောင်းသားအဆောင်ခများ အပါအဝင်) သင်ထောက်ကူပစ္စည်းများ ယန်း ၇၀,၀၀၀ ( ပို့ဆောင်ခပါဝင်ပါသည် ) *ထုတ်လုပ်သူတွင် လက်ကျန်မရှိပါက သင်ထောက်ကူပစ္စည်းအချို့ကို ပြောင်းလဲနိုင်သည်။ * လက်ပ်တော့လိုအပ်သည်။ (လိုအပ်သောသတ်မှတ်ချက်များကို သီးခြားကြေငြာပေးပါမည်။) * ကျောင်းတက်နေစဉ် ကျောင်းသားအိပ်ဆောင်ကို အသုံးမပြုပါက သင်တန်းကြေးမှာ ယန်း ၅၁၀,၀၀၀ ကျသင့်မည်ဖြစ်သည်။
ဝင်ခွင့်လျှောက်ထားရန် ဤနေရာကိုနှိပ်ပါ။
စုံစမ်းရေး
Mejiro Fashion & Art College Secretariat၊ 3-1-26 Mejiro၊ Toshima-ku၊ Tokyo 171-0031
ဖုန်းနံပါတ် (+81) 03-3951-3958
Mail koho@mfac.ac.jp
さらに詳しい情報は
パンフレットorオープンキャンパスで!
あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。