東京の服飾・ファッション専門学校 | 目白ファッション&アートカレッジ (Mf&ac)

MENU

- သင်တန်းမိတ်ဆက်ခြင်း

အဆင့်မြင့် ဖက်ရှင်ဒီဇိုင်းသင်တန်း

အဆင့်မြင့် ဖက်ရှင်ဒီဇိုင်းသင်တန်း

ကမ္ဘာ့အဆင့်မှီ အဝတ်အထည်ချုပ်လုပ်ခြင်းနည်းပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာသင်ယူနိုင်သည့် အတန်း
  • နေ့ခင်းတန်း သင်တန်းကာလ ၄ နှစ်

၀၁။ MEJIRO တစ်ခုတည်းသာ ပထမနှစ်မှစ၍ ရက်လုပ်ထားသောအထည်အလိပ်များနှင့် ချည်ထည်နှစ်မျိုးလုံးကို တစ်ပြိုင်နက်လေ့လာရန် အခွင့်အရေးပေးသည် (တတိယနှစ်မှ ရွေးချယ်ခြင်း)။

ကျောင်းသားများသည် ဒုတိယနှစ်တွင် နယ်ပယ်နှစ်ခုလုံး၏ အခြေခံများကို သေချာစွာလေ့လာပြီး ၎င်းတို့၏ အားသာချက်များနှင့် စိတ်အားထက်သန်မှုများကို ရှာဖွေတွေ့ရှိမည်ဖြစ်သည်။

တတိယနှစ်မှစ၍ ကျောင်းသားများသည် "ရက်လုပ်ထားသောအထည်သင်တန်း" သို့မဟုတ် "ချည်ထည်သင်တန်း" တွင် အထူးပြုလေ့လာကြမည်ဖြစ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်များတွင် ၎င်းတို့၏ကျွမ်းကျင်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။ ရက်လုပ်ထားသောအထည်သင်တန်းသည် ပုံစံပြုလုပ်ခြင်းနှင့် အပ်ချုပ်နည်းစနစ်များကို အာရုံစိုက်ပြီး ကျောင်းသားများအား သုံးဖက်မြင်ပုံသဏ္ဍာန်များနှင့် အရည်အသွေးမြင့်အဝတ်အစားများကို မည်သို့ဖန်တီးရမည်ကို သင်ကြားပေးသည်။ ချည်ထည်သင်တန်းသည် ချည်မှရရှိသော ထူးခြားသောအသွင်အပြင်များနှင့် ချည်ထည်နည်းစနစ်များကို အသုံးပြု၍ အထူးပြုလုပ်ထားသော ချည်ထည်စက်များကို အသုံးပြုရာတွင် ကျွမ်းကျင်မှုကို မြှင့်တင်ပေးသည်။ ထို့အပြင် ကျောင်းသားများသည် ဒီဇိုင်းနှင့် ပရိုဂရမ်းမင်းကို သင်ယူကြမည်ဖြစ်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိပြီး အလွန်ဖော်ပြနိုင်သော ဒီဇိုင်းများဆီသို့ ဦးတည်သွားမည်ဖြစ်သည်။

၀၂။ လေးနှစ်အတွင်း ပရော်ဖက်ရှင်နယ်အဆင့် ကျွမ်းကျင်မှုများ ရယူပါ

ရက်လုပ်ထားသောနှင့် ချည်ထည်များကို အသုံးပြုသည့် အဝတ်အစားနည်းပညာများအပြင်၊ လက်မှုပညာဒီဇိုင်းတွင် ဒီဇိုင်းရေးဆွဲခြင်းမှ အိတ်၊ ဖိနပ်နှင့် လက်စွပ်ကဲ့သို့သော ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို သင်လေ့လာနိုင်မည်ဖြစ်သည်။ ဖက်ရှင်ရှိုးများတွင် ဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများကို ပေါင်းစပ်ခြင်းဖြင့် သင့်ကိုယ်ပိုင်ကမ္ဘာ့အမြင်ကို ဖော်ပြနိုင်ပါသည်။

ဒီဇိုင်နာများဖြစ်လာရန် ရည်မှန်းထားသူများအတွက် စံပြပတ်ဝန်းကျင်တစ်ခု။ ကျောင်းသားဘဝတွင်ပင် ပြိုင်ပွဲအမျိုးမျိုးတွင် တက်ကြွစွာပါဝင်ပြီး သင်၏ဒီဇိုင်းကျွမ်းကျင်မှုကို မြှင့်တင်ပါ။ အထူးပစ္စည်းများနှင့် လက်မှုပညာဒီဇိုင်းအပိုင်းအစများကို အသုံးပြု၍ လက်ရာများဖန်တီးခြင်းကဲ့သို့သော အမျိုးအစားအမျိုးမျိုးတွင် သင့်ကိုယ်သင် စိန်ခေါ်ပြီး ပရော်ဖက်ရှင်နယ်အရည်အသွေးရှိသော လက်ရာများကို မည်သို့ဖန်တီးရမည်ကို လက်တွေ့ကျကျ လေ့လာပါ။
*ဆုများတွင် Next Fashion Designer of Tokyo နှင့် YKK Fastening Award တို့ ပါဝင်သည်။

၃။မိမိထုတ်လုပ်သောအဝတ်အထည်များကိုရောင်းချရန် စီးပွားရေးပညာရပ်များကို လေ့လာသင်ယူနိုင်ခြင်း

ပြည်တွင်းပြည်ပမှ အထည်စများကိုလွယ်ကူချောမွေ့စွာဝယ်ယူရန်အတွက် ညှိနှိုင်းမှုနည်းပညာများ၊ သွင်းကုန် ထုတ်ကုန်ဆိုင်ရာလုပ်ငန်းများကို မိမိဘရန်းတံဆိပ်အဝတ်အထည်လုပ်ငန်းကိုလုပ်ကိုင်နိုင်ရန်လက်တွေ့ကျသော အသိပညာနှင့် နည်းစနစ်များကိုသင်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင်၊မိမိကိုယ်ပိုင်ဘရန်းတံဆိပ်ကို သတ်မှတ်ပြီး ထိပ်တန်းနည်းပြ ဆရာမျာလမ်းညွှန်မှုအောက်တွင် တစ်နှစ်ပတ်လုံး ရာသီအလိုက် ဒီဇိုင်းများကို တစ်ဦးချင်းပြုလုပ်သည့် အထူးကြပ်မတ်သင်ကြားပေးသော သင်ရိုးညွှန်းတမ်း များရှိခြင်း။

၄။ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်သောလက်မှတ်အပြင် အဆင့်မြင့်ဒီပလိုမာလက်မှတ်လည်း ရရှိနိုင်ခြင်း

ပတ်တန်ပြုလုပ်ခြင်းနည်းပညာစာမေးပွဲအဆင့် ၂ ၊ ဖက်ရှင်စီးပွားရေး ကျွမ်းကျင်စာမေးပွဲ ကဲ့သို့သော ဖက်ရှင်နှင့်ပတ်သက်သည့် ကျွမ်းကျင်လက်မှတ်များအပြင် အသက်မွေးဝမ်းကျောင်းတွင် လေးနှစ်သင်ရိုး ညွှန်းတမ်းကို ပြီးမြောက်ထားသူများအတွက် ပေးအပ်သည့် အဆင့်မြင့်ဒီပလိုမာလက်မှတ်လည်းရရှိနိုင် ပါသည်။

အဆင့်မြင့် ဖက်ရှင်ဒီဇိုင်းသင်တန်းတွင် သင်ယူနိုင်သော အရာများ

အဝတ်အထည်ထုတ်လုပ်ခြင်းနည်းပညာသီအိုရီ အဝတ်အထည်ပြုလုပ်ခြင်းကိုအခြေခံမှအစ အသုံး ချခြင်းအထိ လေ့လာနိုင် ခြင်း ဒီဇိုင်းဆွဲခြင်းနှင့် ပတ်တမ် ရေးဆွဲခြင်း တို့ကို အခြေခံ မှစ၍ လေ့လာပြီးနောက် လ ပုံစံအလှအပများနှင့်ဝတ်ဆင်ရန်အဆင်ပြေအောင် ပြုလုပ်ထားသည့် အဆင့်အတန်းရှိသောအဝတ်အထည်များကိုဖန်တီးနိုင်ရန် ရည်ရွယ်ပါသည်။ အဖွဲ့အစည်း၊ ပိတ်သား၊ ပုံစံမှစ၍ ဖန်တီးမှရရှိသောလက်ရာများကို ပြုလုပ်ကာ စိတ်ကူးများကို ဖော်ပြနိုင်စွမ်းကို မြှင့်တင်ပေးပါသည်။

အရုပ်ပုံပေါ်တွင်တိုင်း၍အင်္ကျီညှပ်ခြင်း

လူပုံသဏ္ဍာန်ကို အသုံးပြု၍ အရုပ်ပုံပေါ်တွင်တိုင်း၍အင်္ကျီညှပ်ခြင်း နည်းပညာကိုကျွမ်းကျင်စေခြင်း အရုပ်ပုံတွင်ပုံသဏ္ဍာန်ဖော်ပြီးတိတိကျကျ ဖော်ပြသည့်ကျွမ်းကျင်မှုကို လေ့လာဆည်းပူးခြင်း။ လူပုံအရုပ် (ကိုယ်ထည်) ကို အသုံးပြု၍တိုင်းတာပြီး အင်္ကျီညှပ်ခြင်းသည် ခက်ခဲနက်နဲသော နည်းပညာဖြစ်ခြင်း။ ပိတ်သား နှင့် အသေးစိတ်ကိုကြည့်၍ တဆင့်ပြီးတဆင့် နည်းပညာကိုမြင့်မားစေခြင်းဖြစ်သည်။

အဝတ်အထည်ရောင်းဝယ်ခြင်း

ကုန်ပစ္စည်းစီမံခံခွဲမှတဆင့် အရောင်းအထိအလုံးစုံကိုနားလည်သဘောပေါက်စေခြင်း။ ဘရန်းအမှတ်တံဆိပ်ဈေးကွက်သုတေသနလုပ်ခြင်းမှစ၍ ကုန်ပစ္စည်းစီမံခံခွဲမှုရေးဆွဲခြင်း ဈေးကွက်ရှာဖွေတည်ဆေက်ခြင်း၊ အရောင်းမြင့်တင်ခြင်း စသည့်လုပ်ငန်းထုတ်ကုန်စီမံကိန်းရေးဆွဲခြင်း၊ ဈေးကွက်ဗျူဟာတည်ဆောက်ခြင်းနှင့် အရောင်းမြင့်တင်ခြင်းလုပ်ငန်းအထိ လုပ်ငန်းစဉ်အားလုံးကို နားလည်သဘောပေါက်စေသည်။ ကုန်ပစ္စည်းထုတ်လုပ်မှုအသေးစိတ် ကို သိရှိစေရန် ကုမ္ပဏီများကို လက်တွေ့လေ့လာခြင်းများရရှိခြင်း။

အဆင့်မြင့် ဖက်ရှင်ဒီဇိုင်းသင်တန်းတွင်ရယူနိုင်သောလက်မှတ်များ

ပတ်တန်ပြုလုပ်ခြင်းနည်းပညာစာမေးပွဲအဆင့်၂ ၊ အဆင့်မြင့်အဝတ်အထည်ချုပ်လုပ်ခြင်းနည်းပညာလက်မှတ် ဖက်ရှင်အရောင်းကျွမ်းကျင်လက်မှတ် ပညာသိပ္ပံပညာဝန်ကြီးဌာနမှ ပံ့ပိုးပေးသည့်အရောင်စမ်းသပ်သည့်အရည်အချင်းစစ်လက်မှတ် ဖက်ရှင်စီးပွားရေး ကျွမ်းကျင်လက်မှတ် အဆင့်မြင့် ဖက်ရှင်ဒီဇိုင်း သင်တန်းမှ ရည်မှန်းထားသောအလုပ်အကိုင်များ ဒီဇိုင်းကြီးကြပ်ရေးမှုး ၊ ဒီဇိုင်နာ ၊ ပတ်တန်ထုတ်လုပ်သူ ၊ အထည်ချုပ်ဝန်ထမ်း ၊ ဖက်ရှင်အကြံပေး၊ စတိုင်လစ် ၊ မားကတ်တင်း၊ စာနယ်ဇင်း၊ အဝယ်တော်၊ ဆိုင်မန်နေဂျာ

あなたの「ファッション」を
「仕事」にする。
その第一歩を、目白から。

パンフレットには学科の詳細情報が盛りだくさん!

無料パンフレットで
学科の詳細を確認する!

先輩の"リアルな声"をたくさん聞ける!
無料体験授業実施中!

オープンキャンパスで
説明を直接聞く!
授業見学OK 平日個別相談会受付中!